You Are The Best FHD

You Are The Best

Comedy Family Drama FHD 2013-03-09 6.2 65 Min

ဇာတ်လမ်းအကျဥ်းဒီတခါမှာတော့ Family Drama အမျိူးအစားလေးတခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ မိသားစုတစ်စုမှာ အဖေဆိုတဲ့အိမ်ထောင်ဦးစီးမရှိတော့အခါ ကျန်ခဲ့တဲ့ မိန်းမနဲ့သားသမီးတွေ ဖရိုဖရဲဖြစ်ကြရသလို သားသမီးတွေဘ၀ဟာလဲ အနည်းအများ ထိခိုက်ကုန်တယ်ဆိုတာ ဇာတ်လမ်းထဲမှာဖော်ပြထားတယ်၊ ယောကျာ်းမရှိတဲ့မိန်းမတစ်ယောက် ရုန်းကန်ရပုံတွေ၊မောင်နှမတွေကြားပရိပက္ခဖြစ်ပုံတွေ၊ ပျော်ရွှင်မှုတွေ ၀မ်းနည်းမှုတွေကို ကြည့်ရှုခံစားရမှာဖြစ်သလို ဘ၀မှာ အဆိုးတွေပဲရှိတာမဟုတ်ပဲ အကောင်းတွေကြုံလာနိုင်တယ်ဆိုတာလဲမြင်တွေ့ရမဲ့ဇာတ်လမ်းဖြစ်ပါတယ်၊ လူငယ်တွေရဲ့အချစ်ကြောင်းလေးတွေနဲ့ဘာပဲဖြစ်ဖြစ် နောက်ဆုံးမှာ မိသားစုက မိသားစုပါပဲဆိုတာတွေလဲ ခံစားမိစေတယ်၊ အချိန်ကုန်ခံ ကြည့်ရကျိူးနပ်မယ့်ဇာတ်လမ်းလေးဖြစ်လား မဖြစ်လား ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာကြည့်ရှုလိုက်ကြပါဦး။ MyDramaList မှာ rating 7. 5 ရရှိထားပြီး cast တွေများစွာလဲပါ၀င်ထားပါတယ်။ အက်မင်တိုအချစ်တော် IU လေးပါတဲ့ ကားလေးမို ကြည့်ကောင်းမှာတော့သေချာပါတယ် အပိုင်းအရေအတွက် (၅၀)ပိုင်း ပါ၀င်ပါတယ်။