လူတစ်ယောက်ကို ချစ်မြတ်နိုးတာနဲ့ ပိုင်ဆိုင်ချင်စိတ်ပြင်းပြတာဟာ မတူညီပါဘူး။ တစ်ခါတလေ အချစ်လို့ အမည်တပ်ထားတဲ့ စွဲလမ်းမှုတစ်ခုကပဲ တစ်ဖက်လူရဲ့ဘဝကို ငရဲတစ်ခုလို ဖြစ်သွားစေနိုင်ပါတယ်။ ဒီ Eyesရုပ်သံဇာတ်လမ်းမှာတော့ အမျိုးသမီးတွေအပေါ် ခြိမ်းခြောက်နှောင့်ယှက်မှုတွေ၊ Stalkingလို့ခေါ်တဲ့ နောက်ယောင်ခံလိုက်လံစောင့်ကြည့်မှုတွေနဲ့ ဆက်စပ်နေတဲ့ ရာဇဝတ်မှုတွေကို အဓိကထား တင်ဆက်ထားပါတယ်။ ရဲအရာရှိ တီနာဦးဆောင်တဲ့ စုံစမ်းစစ်ဆေးမှုမှာ စိတ်ကျန်းမာရေးပညာရှင်အဖွဲ့တစ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး အန္တရာယ်ရှိတဲ့ နောက်ယောင်ခံသမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေတွေကို Eyesလို့ခေါ်တဲ့ အက်ပ်တစ်ခုရဲ့ အကူအညီနဲ့ လေ့လာဖော်ထုတ်ကြပါတယ်။ ရာဇဝတ်မှုတစ်ခု ဖြစ်ပွားပြီးမှ လိုက်လံဖမ်းဆီးတာမျိုးမဟုတ်ဘဲ အန္တရာယ်ဖြစ်လာနိုင်တဲ့ လက္ခဏာတွေကို ကြိုတင်သိရှိပြီး တားဆီးကာကွယ်ဖို့ ကြိုးစားကြတာပါ။ ဒါပေမဲ့ အဲဒီအဖွဲ့က အကြောင်းတစ်ခုကြောင့် ရပ်နားလိုက်ရပါတယ်။ တစ်ဖက်မှာလည်း ရုပ်ရှင်မင်းသမီး ရီတီကာက သူ့ကို နောက်ယောင်ခံ လိုက်နှောင့်ယှက်နေတဲ့ မီလန်ရဲ့ ခြိမ်းခြောက်မှုအသစ်တွေနဲ့ ရင်ဆိုင်လာရပြီး အရင်က သူ့ကို ကာကွယ်ပေးခဲ့တဲ့ EYESအဖွဲ့ဆီ အကူအညီတောင်းခံလာပါတယ်။ EYESအဖွဲ့ ပြန်လည်အသက်ဝင်လာတဲ့အခါမှာတော့ အရင်က မဖြေရှင်းနိုင်ခဲ့တဲ့ အမှုဟောင်းတွေ၊ လူတစ်ယောက်ချင်းစီရဲ့ လျှို့ဝှက်ချက်တွေနဲ့ အမှန်တရားကို ဖုံးကွယ်ထားတဲ့ ဆက်ဆံရေးတွေက တစ်ခုပြီးတစ်ခု ပေါ်ထွက်လာပါတော့တယ်။ နစ်နာသူနဲ့ တရားခံ၊ အချစ်နဲ့ အုပ်စိုးလိုစိတ်၊ ယုံကြည်မှုနဲ့ လှည့်စားမှုတို့ကြားက မျဉ်းပါးပါးလေးကို စိတ်ဝင်စားဖွယ် တင်ဆက်ထားမို့ ကြည့်ရှုအားပေးကြပါဦး။