Dulhaniya Le Aaeegi FHD

Dulhaniya Le Aaeegi

Comedy Drama Family FHD 2026-07-24 127 Min

အဖေတစ်ခု သမီးတစ်ခုနေထိုင်ကြတဲ့ နာဗီယာတို့ သားအဖမှာ အဖေဖြစ်သူက ကျန်းမာရေးဖောက်စ ပြုလာခဲ့ပါတယ်။ ခွဲစိတ်လိုက်ရင် ကောင်းသွားနိုင်ပေမဲ့ မတော်တဆကို ကြိုတွက်ထားတာမို့ သမီးအိမ်ထောင်မပြုရင် မခွဲစိတ်ဘူးဆိုပြီး တင်းခံထားလေတော့ နာဗီယာ တစ်ယောက် အကြပ်ရိုက်နေလေရဲ့။ ဒီလိုနဲ့ ဦးလေးဖြစ်သူ မိတ်ဆက်ပေးတဲ့လူနဲ့ ယူကြဖို့ အကြောင်းဖန်လာခဲ့တယ်။ တစ်ဖက် မိသားစုက အကဲပိုပြီး ချစ်ပြနေတော့ နာဗီယာလည်း ယုံကြည်မိခဲ့တာပေါ့။ ဒါပေမဲ့ တစ်ဖက်က ထင်ထားသလောက် လူကောင်းမဟုတ်ဘဲ ဆန့်ကျင်ဘက်က ဖြစ်နေတာပါ။ ဖောက်ပြန်တာကို ထမင်းစား ရေသောက်လိုဖြစ်နေပြီး သစ္စာတရားဆိုတာ ဘာမှန်းနားမလည်တဲ့ကောင်ဆိုတော့ နာဗီယာ့ကို ခံလိုက်ရတဲ့ ကောင်မလေးတွေက သတင်းပေးအနေနဲ့ ပြောလာကြတော့ ဒီလက်ထပ်ပွဲကို ဖျက်လိုက်ဖို့ ဖြစ်လာတယ်ပေါ့။ တစ်ဖက်မှာလည်း အဖေဖြစ်သူကို စိတ်ညစ် မခံစေချင်တာကြောင့် မင်္ဂလာနေ့ရက်ကိုတော့ မပြောင်းဘဲ လူပဲပြောင်းလိုက်ဖို့ ဆုံးဖြတ်ရင်း သတို့သားရှာပုံတော် စဖွင့်ပါတော့တယ်။ ကဲ သူတို့ထင်ထားသလို သတို့သားကောင်း ရှာတွေ့မလားဆိုတာကိုတော့ အတူကြည့်လိုက်ရအောင်။