Anumana Pakshi FHD

Anumana Pakshi

Comedy Drama FHD 2026-09-25 111 Min

သံသယစိတ်လွန်ကဲပြီး အရာရာကို အတွေးပေါင်းစုံနဲ့ လိုက်လံစဉ်းစားတတ်တဲ့ ဆန်နီ။ ဆန်နီရဲ့ အတွေးလွန်ကဲမှုတွေကြောင့် သူငယ်ချင်းဖြစ်သူ ဗားမားတစ်ယောက် ချစ်ရတဲ့ ရမ်ယာနဲ့ ဝေးကွာခဲ့ရပါတယ်။ အတွေးလွန်လွန်းတဲ့ ဆန်နီ့ဆီကိုမှ ကတ်ရှ်မီးယားဒေသကနေ မတ်ဆေ့ခ်ျတွေရောက်လာခဲ့တယ်။ ကတ်ရှ်မီးယားကို လာခဲ့ဖို့၊ မလာရင် သူ့ကိုယ်သူ အဆုံးစီရင်ပြီး ဆန်နီ့လက်ချက်ဖြစ်အောင်လုပ်မယ်တဲ့။ လမ်းစရိတ်မရှိတာမို့ သူငယ်ချင်းဗားမားကို ရမ်ယာနဲ့ နီးစပ်အောင် ပြန်လုပ်ပေးမယ်လို့ပြောပြီး ကတ်ရှ်မီးယားကို လိမ်ခေါ်လာခဲ့ပါရော။ ကံဆိုးချင်တော့ ကတ်ရှ်မီးယားရောက်ပြီး နိုးလာတဲ့တမနက် ဆန်နီ့ဘေးမှာ ဗားမားတစ်ယောက် ဆန့်ဆန့်ကြီး အသက်ထွက်နေခဲ့ပါတယ်။ အဲဒီအချိန်မှာမှ အင်ဖလူယန်ဆာရူး ရဲအရာရှိ ဗာဆူးနဲ့ သရဲတစ္ဆေတွေကို မြင်ရပါတယ်ဆိုတဲ့ ဇနီးသည်တို့က ဆန်နီတို့ ဟိုတယ်ဆီကို ရောက်လာတဲ့အခါမှာတော့...။